>တီဗွီဂိမ်းကြောင့် နမ့်ခမ်း/ မူစယ်ကျောင်းသားများ စာရိတ္တပျက် မိဘများစိုးရိမ်ပူပန်နေကြရ

>

တီဗွီဂိမ်းကြောင့် နမ့်ခမ်း/ မူစယ်ကျောင်းသားများ စာရိတ္တပျက် မိဘများစိုးရိမ်ပူပန်နေကြရ 

 

ယခု ၂ နှစ်အတွင်းသျှမ်းပြည်မြောက်ပိုင်း မူစယ်နှင့် နမ့်ခမ်းမြို့တို့တွင် ဂိမ်းဆိုင်ပေါများလာသည်နှင့်အညီ အလယ်တန်းအထက် တန်းကျောင်းသူ/သားများလည်း ကျောင်းပြေး ဂိမ်းလောင်းကစား စာရိတ္တ ပျက်ပြားလာသဖြင့် သားသမီးများအတွက် အုပ်ထိန်းသူ မိဘများပူပင်သောက ရောက်ရကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။
တီဗွီဂိမ်းကစားနေသည့် ခေတ်လူငယ်များ
“ဒီ ၂ နှစ်အတွင်းနမ့်ခမ်းမှာ ဂိမ်းဆိုင် ၁၄- ၁၅ နေရာတိုးလာတယ်။ လိုင်စင်နဲ့တရားဝင်ဖွင့် တာ မဟုတ်ဘူး။ နအဖအာဏာပိုင် အဆင့်အဆင့်ကို ခွံ့ကျွေးလာဒ်ထိုးပြီးဖွင့်ထားတာ။ ပိုင်ရှင်ကလဲတရုတ် တွေချည်းဘဲ။ကောင်းနောင်မို နဲ့မိုခမ်းရပ်ကွက်မှာအများ ဆုံး။ အင်တာနက် အွန်လိုင်းဂိမ်းလဲရှိတယ်”– ဟုကောင်းနောင်မိုရပ်ကွက်မှကျောင်းသား မိဘ တဦးကပြောပြသည်။

အသက် ၁၂ နှစ် နှင့် ၁၆ နှစ်ကြား ကျောင်းသားများ ကျောင်းပြေးမှုအများဆုံးဖြစ်ပြီး ဂိမ်းဆိုင်သို့စုပြုံ ရောက်ရှိ နေကြကြောင်း မိဘ ထံမှရသည့်မုန့်ဖိုးဖြင့် ဂိမ်းလောင်းကစားကြရာ စာရိတ္တပျက်ပြားလာမှု အပေါ် နေ့စဉ်နှင့်အမျှ အုပ်ထိန်းသူ/မိဘ/ဆရာများကစိုးရိမ် ပူပန် နေကြရကြောင်း ကျောင်းဆရာမ တဦးကလည်းပြောပြသည်။

“နေ့တိုင်းကျောင်းပြေးကြတယ်။ များသောအားဖြင့်  ၆ တန်းကနေ ၁၀ တန်းအထိ ကျောင်းသားတွေပေါ့။ အနည်းဆုံး တကျောင်း လုံးရဲ့ ၃၀% ကျောင်းပြေးပြီး ဂိမ်းဆိုင်ရောက်နေတယ်။ မိဘတွေပေးလာတဲ့ မုန့်ဖိုး ၂၀၀၀- ၃၀၀၀  လဲ ဂိမ်းလောင်းပစ်ကြတယ်။ ဂိမ်းဆော့ခက တနာရီကျပ် ၂၀၀ နဲ့ ၃၀၀ ကြားပေး ရတယ်။ ဂိမ်းမဆော့ဘဲအင်တာနက် ကနေ တခြားဗဟုသုတရှာကြည့်ရင်တော့ အကျိုးဖြစ်တာပေါ့။ အခုလိုဂိမ်းဘဲဆော့ လောင်းကစားလုပ်နေတော့ အကျင့်စာရိတ္တတွေပျက်ကုန်တာပေါ့”
– ဟု ဆို၏။

အင်တာနက်/ ဂိမ်းဆိုင်များအဖို့ ဌာနဆိုင်ရာ နအဖအာဏာပိုင်များအား တလလျှင်ကျပ်သိန်းချီပေးကျွေး လဒ်ထိုးရကြောင်း မိုခမ်း ရပ်ကွက်မှ ဆိုင်ပိုင်ရှင်တဦးကပြောပြသည်။

“ဂိမ်းဆိုင်တဆိုင်အတွက် SB ၊ ရဲ (နယ်ထိန်း၊မြို့နယ်မှူး)၊ စရဖ၊ စည်ပင်၊ လဝက၊ မယက + ထွေအုပ် ကိုလတိုင်း ကျပ် ၄-၅ သိန်း အနဲဆုံးပေးရတယ်။ ၇-၈ ဌာဆိုတော့ တလကျပ်သိန်း ၄၀ – ၅၀ ကုန်တယ်” -ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့အပြင် မူစယ်မြို့တွင်လည်း ယခုနှစ်အတွင်း အလားတူ ဂိမ်းဆိုင်အများအပြားတွေ့ရ ကြောင်း၊ မြို့လယ် လမ်းမကြီး တ လျှောက် ၁၆ ဆိုင်ရှိပြီး မြို့တွင်းတခြားလမ်းများ၌လည်း ရှိသေးကြောင်း၊ ၂၄ နာရီ ဖွင့်ဆိုင်လည်းရှိ ကြောင်း၊ ဂိမ်းလောင်း ကစား တွင်ကျယ်မှု၌ ကျောင်းသားများသာမက လူကြီးများ လည်း ကျပ်သိန်းချီ လောင်းကစား ကြကြောင်း၊ တရားမဝင်ဂိမ်း ဆိုင်များအား လွန်ခဲ့သည့် ၄-၅ နှစ်က နအဖအာဏာပိုင်တို့ တကြိမ်ဝင်ဖမ်းခဲ့ဖူးကြောင်း၊ နောက်ပိုင်း အရေးယူမှုမရှိတော့သဖြင့် ဂိမ်းဆိုင်များ ၂၀၁၀ နှစ်ဦးပိုင်းကစ၍ ပြန်လည်ပေါများလာသည်နှင့်အမျှ ခိုးဆိုးလုယက်မှုလည်း များပြားလာကြောင်း မူဆယ်မြို့မှ ရပ်မိရပ်ဖ တဦးကပြောပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s