>9th Myanmar ICT WEEK တွင် EVDO Data သုံးစွဲခွင့်များ လျှောက်ထားနိုင်။

>

9th Myanmar ICT WEEK တွင် EVDO Data သုံးစွဲခွင့်များ လျှောက်ထားနိုင်။

The 9th Myanmar ICT WEEK တွင် ဝါယာလက်အော်တိုတယ်လီဖုန်းများအား Voice Service အပြင် Data Service ပါ စတင်သုံးစွဲခွင့် ပြုမည်ဖြစ်ပါသည်။
ICT ပွဲတော်စတင်မည့် (၈/၁/၂ဝ၁၁)မှ စတင်၍ (၁၂/၁/၂ဝ၁၁)ရက်နေ့ အထိ EVDO Data သုံးစွဲခွင့်များ လျှောက်ထားနိုင်ပြီး လက်ရှိ CDMA 800 MHz တယ်လီဖုန်း သုံးစွဲသူများကို သာလျှင် လက်ခံဆောင် ရွက်ပေးမည် ဖြစ်ပါသည်။
တယ်လီဖုန်းအသစ် လျှောက်ထားသူများအနေဖြင့် ယခင်လျှောက်ထားသည့် နေရာများတွင် တယ်လီဖုန်း တပ်ခွင့် လျှောက်ထားရမည် ဖြစ်ပြီး တပ်ဆင်ခွင့်ရပြီးမှ EVDO စနစ် ချထားပေးမည် ဖြစ်ပါသည်။ EVDO Data Service တပ်ဆင်ခြင်းအတွက် ကနဦးတပ်ဆင်ခ ကျပ်(၃ဝ,ဝဝဝိ/) (ကျပ် သုံးသောင်းတိတိ) ပေးသွင်း ရမည် ဖြစ်ပါသည်။
EVDO Data Service လျှောက်ထားသူ အနေဖြင့် လက်ရှိ RUIM ကဒ်အား EVDO Data Service အသုံးပြုနိုင်သည့် RUIM ကဒ် အသစ်ဖြင့် လဲလှယ်ပေးမည် ဖြစ်သဖြင့် မိမိ RUIM ကဒ် အား တပါတည်း ယူဆောင်၍ လဲလှယ်နိုင်ပါသည်။
RUIM ကဒ်မပါရှိ ပါကလည်း ငွေပေးသွင်းခြင်းကို လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပြီး The 9th Myanmar ICT Week ပွဲပြီးပါက သက်ဆိုင်ရာ စီးပွားရေးဌာနများ ဖြစ်သည့် ရန်ကုန်မြို့၊ အလုံစီးပွားရေးဌာနစိတ် နှင့် မန္တလေးမြို့၊ မန္တလေးတိုင်းရုံးများတွင် RUIM ကဒ်များ လဲလှယ်ပေးမည် ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s