Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

>Right Click Image Converter

>

Right Click Image Converter

Image Format ပြောင်းဖို့အတွက် Photoshop တို့ကို သုံးဖို့ မလိုဘဲ Image တွေကို Right Click လုပ်ပြီး တိုက်ရိုက်ပြောင်းပေးနိုင်တဲ့ Right Click Image Converter ပါ။ အောက်မှာပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလုတ်ပြီး စက်ထဲ အင်စတော ထည့်သွင်းပြီးရင် ကြိုက်တဲ့ Image တွေကို Right Click လုပ်ရုံနဲ့ ဖော်မတ်ပြောင်းနိုင်ပါပြီ။
JPGE, BMP, GIF, PNG, ICO (favicon), TIF အပြင် အခြား ဖော်မတ်တွေလည်း ပြောင်းပေးနိုင် ပါသေးတယ်။

>လွှတ်တော်အထိမ်းအမှတ် ၅ သိန်းတန် GSMချပေးမည်

>

လွှတ်တော်အထိမ်းအမှတ် ၅ သိန်းတန် GSMချပေးမည်

GSM ဖုန်းပြောနေသူများ
 
နှစ် ၂၀ ကျော်အတွင်း ပထမဆုံးကျင်းပသည့် လွှတ်တော်ခေါ်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျပ် ၅ သိန်း တန် GSM မိုဘိုင်းလ် ဖုန်းလိုင်း ၂ သိန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင် ချပေးတော့  မည်ဖြစ်ကြောင်း သိရသည်။
ယင်း GSM ဖုန်းလိုင်းများကို ၂၀၁၀ နှစ်ကုန်ပိုင်းမှ စတင်၍ နေပြည်တော်တွင် စမ်းသပ် အသုံးပြုခဲ့ပြီး ရန်ကုန်၊ မန္တလေး မြို့များတွင် ယခုလမှ စတင်ချထား ပေးခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးကဆို သည်။
 
အဆိုပါ GSM ဖုန်းများမှာ ကြိုတင်ငွေပေး ကတ် (Prepaid card) စနစ်ဖြင့် အသုံးပြုရမည်ဖြစ်ပြီး ဖုန်းနံပါတ်များကို ၀၉ – ၄၁ ဖြင့်စတင်ကာ ဂဏန်း ၉ လုံး ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အင်တာနက် အသုံးပြုနိုင်မည့် GSM ဖုန်းများကို လျှောက်ထားလိုသူများ အနေဖြင့် ရန်ကုန်မြို့တွင် ရွှေဂုံတိုင်၊ တောင်ဒဂုံ၊ ဘုရင့်နောင်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများ၌ လည်းကောင်း၊ မန္တလေးမြို့တွင် မန္တလေးတိုင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးများ၌ လည်းကောင်း စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် သတင်း ထုတ်ပြန်ထားသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းလိုင်း ၂ သိန်း ချထားပေးမည် ဆိုခြင်းကြောင့် ယခင် ကျပ် ၁၅ သိန်းဖြင့် ချထားပေးထားသော GSM ဖုန်းများ ဈေးထိုးကျသွားကြောင်း၊ ဈေးကွက်တွင်း ဝယ်ယူမည့်သူ လုံးဝ မရှိတော့ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ပြည်သူလူထု လျှောက်ထားရန် ခက်ခဲနေကြောင်း၊ ပွဲစားများက လျှောက်လွှာများကို အရင်တင်ထားကြောင်း ရန်ကုန် ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေးတွင် ဖုန်းလျှောက်ထားသူ တဦးက ပြောသည်။

“အခုပဲ ၅ သိန်းတန် GSM လာလျှောက်တာ။ ပွဲစားတွေက ဆက်သွယ်ရေးက ဝန်ထမ်းတွေနဲ့ပေါင်းပြီး သူတို့ ဖောင်တွေကို အရင်ထပ်ထားတယ်” ဟု ၎င်းကဆိုသည်။

ကြိုတင်ငွေပေးချေကတ် ရောင်းချမှုအတွက် ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက် (Yatanarpon Teleport Co.,Ltd.) နှင့် သတင်းအချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီ (Information Technology Central Services Co.) တို့အား လုပ်ကိုင်ခွင့်ပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးကပြောသည်။

ကျပ် ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်းတန် ကတ်များနှင့် FEC 10, 20, 50 တန် ကြိုတင်ငွေပေးချေ ကတ်များအား ၀ယ်ယူ၍ ကျပ် ၅ သိန်းတန် GSM ဖုန်းတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖုန်းခေါ်ဆိုခအနေနှင့် ၁ မိနစ်လျှင် ၅၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း သတ်မှတ် ထားသည်ဟု သိရသည်။ အင်တာနက် အသုံးပြုခ တမိနစ်လျှင် ၄ ကျပ် ကျသင့်သည် ဆိုသော်လည်း အင်တာနက် အသုံးပြုနိုင်သည့် GSM ဖုန်းများကို ၆ ရက်နေ့တွင် စတင်ခွင့်ပြု၊ မပြုကိုမူ မသိရှိသေးကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးကဆိုသည်။

ကျပ် ၅ သိန်းတန် GSM များကို လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ နှင့်အတူ သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကျပ် ၅ သိန်းတန် GSMဖုန်းလိုင်း ၂ သိန်းချထားပေးပြီးပါက လက်ရှိအသုံးပြုနေသည့် GSM ဖုန်းလိုင်း ၄၈၀၀၀၀ ကျော်နှင့် ပေါင်းလျှင် စုစုပေါင်း လိုင်း ၇ သိန်းနီးပါး ရှိလာမည်ဖြစ်သောကြောင့် ယခင်ထက် လိုင်းကျပ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ် နေရကြောင်း GSM ဖုန်း သုံးစွဲနေသူတဦးက ပြောသည်။

“အခုဆို ကျနော်တို့ဆီမှာ GSM တွေ ဈေးတွေထိုးကျလာပြီ။ လိုင်းကလည်း အရင်ထက် များလာမယ် ဆိုတော့ လူကြီးမင်းနဲ့ပဲ တိုးတော့မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကျပ် ၅သိန်းတန် GSM ဖုန်းများကိုလည်း လက်ရှိ GSM ဖုန်းများ အသုံးပြုနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့သည်။

 

>ဒုတိယသမ္မတများအတွက် ဆန်ခါတင်စာရင်းထွက်

>

ဒုတိယသမ္မတများအတွက် ဆန်ခါတင်စာရင်းထွက်

ယနေ့ လွှတ်တော်အစည်းအဝေးတွင် ဒုတိယ သမ္မတများ အတွက် ဆန်ခါတင်စာရင်းကို 
ပြည်သူ့ လွှတ်တော် မှ  ဦးသိန်းစိန် (ကြံ့ဖွံ့ပါတီ) နှင့် ဦးစောသိန်းအောင် (ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီ)၊
အမျိုးသားလွှတ်တော်မှ ဒေါက်တာ စိုင်းမော်ခန့် (ကြံ့ဖွံ့ပါတီ)နှင့် ဒေါက်တာအေးမောင် (RNDP)၊ 
 
တပ်မတော်သား ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ကို တင်သွင်းထား သည်ဟု ကြားသိရသည်။ ၎င်းတို့ကို အရည်အချင်းပြည်မီခြင်း ရှိ၊ မရှိ စိစစ်ပြီး သဘက်ခါတွင် ဒုတိယသမ္မတ ၃ ဦးကို မဲခွဲရွေးချယ်မည် ဖြစ်သည်။ မနက်ဖြန် လွှတ်တော် ၁ ရက်နားမည်။

>Gtalk အတွက် Shortcut Keys လေးများ

>

Gtalk အတွက် Shortcut Keys လေးများ

  1. Typing နေရင်းနဲ့ Call ချင်ရင် F11ကိုနှိပ်ပါ ။
  2. Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
  3. Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
  4. Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
  5. CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
  6. Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ
  7. Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
  8. Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကိုလှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
  9. Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
  10. စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
  11. Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767လုံးပဲရိုက်လို့ရတယ်တဲ့ ။ စမ်းသပ်မကြည့်ဖူးဘူး
  12. Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
  13. ဂျီတော့ဖွင့်လို့ မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
  14. Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီးပိတ်လို့ရတယ် ။
  15. windowနဲ့mနဲ့က firefoxကို minimize လုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင့်ချင်ရင်တော့ window shift ကိုဖိပြီး M ကိုနိုပ်ပါ။

>NLD ဝဘ်က်ဆိုက် ဒေါ်စု ကြိုက်

>

NLD ဝဘ်က်ဆိုက် ဒေါ်စု ကြိုက် 

 

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်စာမျက်နှာ ပေါ်ထွက်လာမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုရှိသည်ဟု ဆိုသည်။
မနေ့ ညနေမှစ၍ ဖွင့်လှစ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အင်တာနက် စာမျက်နှာသို့ ပေးပို့ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ၊

NLDwebsite
NLD ဝဘ်က်ဆိုက်
လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမယ့် အင်တာနက် စာမျက်နှာတခု ပေါ်ပေါက်လာတာကို သိပ် ကို ကျေနပ်မိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် သဝဏ်လွှာထဲ၌ ရေးထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူ့ကွန်ယက်ကြီးဖွဲ့ရာတွင် ဆက် သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်ခြင်းက အဓိကဟုလည်း ဆိုသည်။

”ဒီစာမျက်နှာမှတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကရေစီရေးနဲ့ အဖွဲ့ချုပ် အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျမတို့ ဆက်သွယ်ခြင်းအားဖြင့် ကျမတို့အားလုံး မျှော်မှန်း တမ်းတနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်” ဟုလည်း ဆိုသည်။

ဝဘ်က်ဆိုက်လိပ်စာမှာ http://www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ထားကာ ဆိုက်ထဲတွင် စည်းရုံးရေး၊ ပြန်ကြားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ၊ ဥပဒေနှင့် တိုင်းရင်းသားရေးရာ ကဏ္ဍများ ပါရှိသည်။

http://www.mizzimaburmese.com/plugins/content/dewplayer.swf?son=http://www.mizzimaburmese.com/images/NewsPhotos/JAN11/UOwnKhaing.mp3&autoplay=0&autoreplay=0&showtime=1
စည်းရုံးရေးကဏ္ဍတွင် ပြည်နယ်နှင့် တိုင်း၊ လူငယ်၊ အမျိုးသမီးနှင့် လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကဏ္ဍခွဲများ ပါဝင်ပြီး ပြန်ကြာရေးကဏ္ဍတွင် သတင်းထုတ်ပြန်ချက်များ၊ အင်တာဗျူး၊ ဆောင်းပါးနှင့် မီဒီယာ ဟူ၍ ကဏ္ဍခွဲများ ပါရှိသည်။

လူမှုရေးကဏ္ဍတွင် အရေးပေါ် လုပ်ငန်း၊ နိုင်ငံရေး အကျဉ်းသားများနှင့် အခြားကိစ္စများ ပါဝင်ပြီး ကျန်းမာရေးတွင် HIV ဝေဒနာရှင်များအကြောင်း၊ နိုင်ငံတကာကဏ္ဍတွင် အမေရိကန်၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများအကြောင်း ပါရှိသည်။ ထို့ပြင် NLD လှုပ်ရှားမှု ရုပ်သံ မှတ်တမ်းနှင့် ဓာတ်ပုံများပါ ဖော်ပြထားသည်။

>နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

>

နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

မြန်မာ နေရှင်နယ် လိဂ်(MNL)ပြိုင်ပွဲဝင် ဘောလုံး အသင်းတသင်းဖြစ်သည့် နေပြည်တော် FC ဘောလုံး အသင်းကို လာမည့်နှစ် MNL ပြိုင်ပွဲ ရာသီတွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေး အောင်က လွှဲပြောင်းယူရန် စီစဉ်လျက်ရှိသည်ဟု နီးစပ်သူများက ပြောသည်။
Naypyitaw_FC400
နေပြည်တော် FC (ဓာတ်ပုံ – nptfc.com)
ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက စတင် တည်ထောင်ခဲ့သည့် နေပြည်တော် FC အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ သော်လည်း ယခုနှစ် ဘောလုံးရာသီ အစ တွင် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သဖြင့် နေပြည် တော်ကို အရှက်ရစေသည်ဟုဆိုကာ လွှဲပြောင်းယူရန်စီစဉ်နေခြင်း ဖြစ်ကြောင်း နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ် စီးပွားရေးလုပ်ငန်းရှင်တဦး က ပြောသည်။

“သူက စိတ်ဆိုးနေတယ်။ တာဝန်ယူထားတဲ့သူတွေ အသုံးမကျဘူးဆိုပြီး။ နောက်နှစ် သူပြောင်းယူမယ်။ လူကြီးတွေကိုလည်း ပြော ထားပြီးပြီ။ ပြီးမှ နိုင်ငံခြားက သူ့စိတ်ကြိုက် ဘောလုံးသမားတွေ ခေါ်မယ်ဆို ပြီးပြောနေတယ်”ဟု က ဆိုသည်။

လက်ရှိ နေပြည်တော် FC အသင်းကို ဦးတင့်ဆန်း ၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ထောင်ထားခြင်းဖြစ်ပြီး ယမန်နှစ် MNL ပြိုင်ပွဲ ရာသီအပြီးတွင် အမှတ်ပေးဇယား၏ အောက်ခြေ တွင်သာရှိခဲ့သဖြင့် ယခုနှစ်ဘောလုံးပြိုင်ပွဲများ ပြန်လည် မစတင်မီတွင် နေရွှေသွေးအောင်က ထိပ်တန်း အသင်းများစာရင်း ၀င်စေရန် ဘောလုံးအသင်းတာဝန်ရှိသူများကို ခေါ်ယူ သတိပေး ခဲ့သေးသည်ဟု နေပြည်တော် FC တာဝန်ရှိသူ တဦးက ပြောသည်။

နေပြည်တော် FC အသင်းသည် ယခုနှစ် MNL ပြိုင်ပွဲ ရာသီတွင် မြန်မာ့လက်ရွေးစင်၊ လူငယ် လက်ရွေးစင် ကစားသမားအချို့နှင့် တောင်ကိုရီးယား ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း အဖွင့်ပွဲစဉ် များတွင် ရန်ကုန်ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုး မရှိ၊ မကွေး FC အသင်းကို ၂ ဂိုး ဂိုးမရှိ တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းသို့ နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် နေပြည်တော် FC အသင်းသည် လက်ရှိနည်းပြချုပ် ဦးအောင်နိုင်ကို လက်ထောက် နည်းပြအဖြစ် ပြောင်းလဲခန့်အပ်ပြီး တောင်ကိုရီးယား နိုင်ငံသား နည်းပြတဦးဖြစ်သူ ချောင်ယောင်တေးအား နည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်ထားခဲ့သည်။

လက်ဆက်၍ နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်က“သူက ဘောလုံးပွဲ ၀ါသနာပါတော့ နေပြည်တော် ကန်တဲ့ နေ့ဆို သွားကြည့်တယ်။ အသင်းက ရှုံးတော့ လူတွေက လှောင်ကျ တယ်။ နေပြည်တော်ဆိုပြီး တချို့က အမြင်ကပ်တော့ ဆဲကြတယ်။ နေပြည်တော် ဆိုတာ သူတို့မိသားစု တည်ထောင်ထားတဲ့မြို့ဖြစ်နေ တော့ ရှက်ပြီး ဒေါကန်တာပေါ့၊ သူယူမယ်ဆို ပေမယ့် အဘိုးကြီးက ခွင့်ပြုမပြုဆိုတာက ရှိသေးတယ်”ဟု ပြောသည်။

နေရွှေသွေးအောင် သည် ဘောလုံး ၀ါသနာအိုး တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဘောလုံးသမား နာကာတာ လာရောက် လည်ပတ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် အလှပြကစားခဲ့စဉ် ကလည်း နေရွှေသွေးအောင် ၀င်ရောက်ကစားခဲ့သေး သည်။

မကြာသေးခင်က ထွက်ပေါ်ခဲ့သော ၀ီကီလိစ် အင်တာနက် စာမျက်နှာများတွင်လည်း ကမ္ဘာကျော် ပရီးမီးယားလိဂ် ထိပ်သီး အသင်း တသင်းဖြစ်သည့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူပေးရန် အဘိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပူဆာ ခဲ့သဖြင့် မြန်မာ နေရှင်နယ်လိဂ် ကို စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 
(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့် ကူးယူဖေါ်ပြထားခြင်း)